Chairman Speech

ef33e-re.jpg

လုပ်ဖော်ကိုင်ဖက်အားလုံးအား မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကုမ္ပဏီ၏ မိသားစုဝင် ဝန်ထမ်းများ အားလုံး မြန်မာသက္ထရာဇ် ၁၃၈၀ ခုနှစ်မှာ ကျန်းမာ၊ ပျော်ရွှင်ပြီး မျှော်လင့်ချက်များ ပြည့်ဝပါစေကြောင်း ဒါရိုက်တာအဖွဲ့ကိုယ်စား ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ မြန်မာပိတောက် ကုမ္ပဏီဟာ (၁၈)နှစ်တာ ကာလအတွင်း ကြုံတွေ့ခဲ့သမျှ အရာရာကို အောင်မြင်စွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရပါတယ်။ ရှေ့ဆက် လျှောက်ရမည့် လမ်းများကိုလည်း ပြင်ဆင်မှုများ စွာဖြင့် ဆက်လက် လျှောက်လှမ်းသွားမှာပါ။ နိုင်ငံတော်ဟာ စနစ်သစ်ကို လှမ်းချီနေသော အချိန်အခါ ဖြစ်ပါတယ်။ ကုမ္ပဏီအနေဖြင့်လည်း ပြည်တွင်းပြည်ပ စိန်ခေါ်မှုတွေနှင့် ကြုံတွေ့ရမှာပါ။ ကျွန်တော်တို့အားလုံး ပြောင်းလဲလာတဲ့ ခေတ်စနစ်နှင့်အညီ လေ့လာ သင်ယူမှုများ ၊ တီထွင် ဆန်းသစ်မှုများ ၊ ကြိုးပမ်းဝီရိယ အားထုတ်မှုများ၊ အာရုံစူးစိုက်မှုများ၊ အနစ်နာခံမှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများနှင့် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်မှုများဖြင့် လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ်မိမိ ထင်မြင်ယူဆ သုံးသပ်ချက်များကို အလေ့မမူဘဲ လုပ်ဖော်ကိုင်ဖက်နှင့် အများမှ မိမိအား ဝေဖန် သုံးသပ်ချက်များကိုသာ ဂရုပြု အလေးထားကြပါရန် နှိုးဆော် တိုက်တွန်းအပ်ပါတယ်။ တစ်ဦးတစ်ယောက်ကောင်းဖြင့် ဆောင်ရွက်ရန် အရာရာတိုင်း မဖြစ်နိုင်သကဲ့သို့ စွမ်းရည်ပြည့်ဝသော အများစုအားဖြင့် ကုမ္ပဏီကို တိုးတက်ဖွံ့ဖြိုးမှု လမ်းကြောင်းပေါ်သို့ အမြဲ ထမ်းပိုးကြိုးစားလျှောက်လှမ်းနေရမှာ ဖြစ်ပါတယ်။ နိဂုံးချုပ်အနေနှင့် ယခုကဲ့သို့ ကုမ္ပဏီကြီး ဖြစ်လာအောင် လုပ်ဆောင်ပေးခဲ့သော ပုဂ္ဂိုလ်တိုင်းအား ဒါရိုက်တာအဖွဲ့ ကိုယ်စား၊ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ရှေ့သို့ ဆက်လက်ပြီး အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။