မြန်မာပိတောက်မှ ဝန်ထမ်းများသည် မိမိတို့၏ လက်ရှိလုပ်ကိုင်လျက်ရှိသော နေရာတွင်သာ ရောင့်ရဲတင်းတိမ်မနေဘဲ အမြဲစိန်ခေါ်မှု အသစ်များကို လက်ကမ်းကြိုဆိုလျက် ရှိပါသည်။ ဝန်ထမ်းများသည် ကြိုးစားမှုနှင့် အတူ ပျော်ရွှင်မှုများ ရရှိခြင်းကြောင့် မိမိအနေဖြင့် မြန်မာပိတောက် ကုမ္ပဏီတွင် အလုပ်လုပ်ရသည်မှာ ဂုဏ်ယူလျက် ရှိပါသည်။ မြန်မာပိတောက် ကုမ္ပဏီနှင့် ၅ နှစ်တာ အတူလက်တွဲ လုပ်ကိုင်လျက်ရှိသော ဝန်ထမ်းများအတွက် လေ့လာရေးနှင့် အပန်းဖြေခရီးအဖြစ် ၂၀၁၇၊ စက်တင်ဘာလတွင် ဒုတိယအကြိမ် ဗီယက်နမ်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ပါသည်။